မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် သိုးနှင့်ဆိတ်များ မွေးမြူခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော ပခုက္ကူမြို့နယ်ရှိ အာကာဖြိုးကုမ္ပဏီလီမိတက်သို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။