
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဖြူနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိသဉ္ဇာဝင်း တို့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် စွမ်းအင်နှင့် ဆောက်လုပ်ရေးကဏ္ဍများအတွက် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းပြုစုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိပါသည်။