၂၀၁၈ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ Pou Chen Group စက်ရုံသို့ ကုန်ချော တစ်ဝက်တစ်ပျက် သယ်ယူသည့်စနစ်နှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်း များနှင့်နည်းစနစ် များကို လေ့လာရန်အတွက် ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းမြို့သို့ ရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် General Customs Department သို့ သွားရောက်၍ Deep Procressing Transit စနစ် အား လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် Tan Tao Industrial Park ရှိ PAIHO စက်ရုံ၏ Deep Procressing Transit ဖြင့် ဆောင်ရွက်နေသည့် အခြေအနေများကို လက်တွေ့သွားရောက် လေ့လာခဲ့ကြပါသည်။