ဥရောပသမဂ္ဂ ကုန်သွယ်ရေးနှင့် စီးပွားရေးဌာနမှ ထိုင်းနိုင်ငံရုံးခွဲ ကိုယ်စားလှယ်ဖြစ်သူ Mr. Phillipp Dupuis သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် လာရောက်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။