ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကျင်းပခြင်း

 ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စစ်တွေမြို့၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင် ၅ ဦးတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် အခြေအနေများကိုဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။