စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန သည်၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် အောက်ဖော်ပြပါဆောက်လုပ်ရေးလုပ်ငန်း(၃)ခုနှင့် ရုံးသုံးစက် ပစ္စည်း(၂)မျိုးတို့ကို ဝယ်ယူဆောင်ရွက်လိုပါသဖြင့်အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) နေပြည်တော်၊ ရုံးအမှတ်(၃၂-D)တွင် လုံခြုံရေးအဆောက်အဦ (၃၄'x၁၆'x၁၂') (မြေထိန်းနံရံ၊ရေ၊မီး၊မျက်နှာကျက်အပါအဝင်) ဆောက်လုပ်ခြင်းလုပ်ငန်း
( ခ) မီးသတ်အဆောက်အဦ RC(၁)ထပ် (၅၀'x၂၀'x၁၅')(၁)လုံးနှင့် ရေချိုးခန်း၊ အိမ်သာ တွဲလျက်အဆောက်အဦ (၂၀'x၁၀')(၁)လုံး(ရေ၊မီး၊မျက်နှာကျက်အပါအဝင်)လုပ်ငန်း
( ဂ) ယာဉ်ရပ်နားရာနေရာတွင် သန့်စင်ခန်း (၂)ခန်းတွဲ(၂)လုံး (၉'x၁၀'x၉') (ရေ၊မီးနှင့် ၂၀၀ လီတာဆံ့ရေတိုင်ကီအပါအဝင်) ဆောက်လုပ်ခြင်းလုပ်ငန်း
(ဃ) Server (CPU-2× Intel® Xeon® Gold )
( င ) Online UPS (3 KVA)
၂။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များကို ရုံးအမှတ်(၃၂-D)၊ နေပြည်တော်၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပစ္စည်းထိန်းဌာနခွဲ၊ သဇင်ရုံလမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဆောက်လုပ်ရေးလုပ်ငန်း(၃)ခုအတွက် တင်ဒါပုံစံ(၁)စောင် လျှင် ကျပ်၅,၀၀၀/-(ကျပ်ငါးထောင်တိတိ)နှင့် ရုံးသုံးစက်ပစ္စည်း(၂)မျိုးအတွက် တင်ဒါပုံစံ(၁)စောင် လျှင် ကျပ်၂,၀၀၀/-(ကျပ်နှစ်ထောင်တိတိ) ဖြင့် ဝယ်ယူနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းမည့်ရက် - ၁၈ - ၄ -၂၀၂၂ ရက်နေ့မှ ၂၂ -၄-၂၀၂၂ ရက်နေ့ထိ (ရုံးချိန်အတွင်း)
၄။ တင်ဒါတင်သွင်းရမည့်နေရာ - ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာန၊ ရုံးအမှတ် (၃၂-D)၊ နေပြည်တော်
၅။ တင်ဒါဖွင့်မည့်ရက်၊အချိန် - ၂၇ - ၄ -၂၀၂၂ ရက်နေ့ ၊ ၁၃:၀၀ နာရီ
၆။ ဆက်သွယ်ရန်ဖုန်း - ၀၆၇-၃၄၀၆၀၈၈၊ ၀၆၇-၃၄၀၆၂၆၅၊ ၀၁-၆၅၁၄၁၂
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
Attachment | Size |
---|---|
Newspaper.pdf | 326.2 KB |