စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန
နေပြည်တော်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် နေပြည်တော် ကောင်စီနယ်မြေတွင် ဆောင်ရွက်မည့် အောက်ဖော်ပြပါ လုပ်ငန်းများအား တင်ဒါခေါ်ယူအပ်ပါသည်-
(က) နေပြည်တော်မော်ကွန်းတိုက်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း
(၁) Building E Basement Floor တွင် ရေစိမ့်တက်နေသောကြောင့် ရေတားလုပ်ငန်းနှင့် နံရံများအား Water Proofing ဆောင်ရွက်ခြင်း (5390’) FS
(၂) Emulsion Painting Work for External Wall Admin Building A& E (၂၃၄၆၃ စ/ပေနှင့် ၂၅၅၀၀ စ/ပေ)
(၃) Building D & E ကြားတွင် Slide Drain (300’ x 3’ x 3.5’) လုပ်ငန်းဆောင်ရွက်ခြင်း
(ခ) အခြားလုပ်ငန်းများ
(၁) NAIS Database Server အတွက် Firewall ဝယ်ယူခြင်း
(၂) မော်ကွန်း/မှတ်တမ်း အသံဖိုင် ကက်ဆက်တိပ်ခွေများအား CD/DVD သို့ကူးပြောင်းခြင်းလုပ်ငန်း
(၃) National Archives Information System (NAIS) စနစ်အား Online မှ Centralized Database System ဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်း
(ဂ) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်နေ့ရက် - ၂-၁၁-၂၀၁၈ ရက်
(ဃ) တင်ဒါလျှောက်လွှာပိတ်မည့်နေ့ရက် - ၂၃-၁၁-၂၀၁၈ ရက်
(င) တင်ဒါဖွင့်မည့်နေ့ရက်နှင့်အချိန် - ၂၆-၁၁-၂၀၁၈ ရက်၊ (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီ
(စ) တင်ဒါပုံစံရောင်းချမည့်နေရာ - အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ ကုမုဒြာကြာပန်းဝိုင်းအနီး၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ ၀၆၇-၄၁၈၄၉၂၊ ၀၆၇-၄၁၈၃၇၉