မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ Rose Garden Hotel ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဉီးဆန်းမြင့်မှ မြန်မာနေထိုင်မှု အခြေ အနေ စစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါ သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း(၁၀၇)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)