

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၇၁) ဦး တက်ရောက်ပါသည်။
အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခင်လတင်ပြချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကိုသုံးသပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်အခန်းသန့်ရှင်းရေးတို့ကို ပုံမှန်ပြုလုပ်ရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာရန်၊ မိမိတို့တာဝန်ယူထားသော ကိန်းဂဏန်းအချက်အလက်များမှန်ကန်ရေးနှင့် စိစစ်မှုအားကောင်းစေရေးတို့အတွက် အဆင့်ဆင့်တာဝန်ယူမှု/တာဝန်ခံမှုရှိရန်၊ အိမ်ရာများတွင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီနေထိုင်ရန်နှင့် လုံခြုံရေးအထူးသတိထားပြီးသွားလာဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ကဏ္ဍအသီးသီးရှိဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို နေ့လယ် ၁၄း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။