၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင်ကျင်းပသော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်၊ ၁၅:၃၀ နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၈၁) ဦး တက်ရောက်ပါသည်။

အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အဆိုပြုတင်ပြထားသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ကိန်းဂဏန်းကိုင်တွယ်စိစစ်မှုများကို စနစ်တကျဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်တို့ကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ကဏ္ဍအသီးသီးရှိဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲကို ၁၆:၁၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။