စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၈) ရက်၊ ၁၃:၀၀ နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၉၀)ဦး တက်ရောက်ပါသည်။
အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခင်လတင်ပြချက်များအပေါ် စိစစ်သုံးသပ်ပြီး ဝန်ထမ်းများအနေဖြင့် စာဖတ်ခြင်းအားဖြင့်လေ့လာစရာပညာရပ်များ၊ ဗဟုသုတများကို ဆက်လက်လေ့လာသင်ယူကြိုးစားနေရန်၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်ကိန်းဂဏန်းများကို သေချာစွာစိစစ်ညှိနှိုင်းရန်၊ ရုံးစာရေးသားရာတွင် အဆင့်ဆင့်ကြီးကြပ်မှုဖြင့် အမှားအယွင်းနည်းအောင်ဆောင်ရွက်ရန်၊ မိုးရာသီကာလဖြစ်သည့်အတွက် ခြင်၊ ယင်များ မပေါက်ဖွားစေရေးဂရုစိုက်ကြရန်၊ လုံခြုံရေးအထူးဂရုစိုက်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုရန်လိုအပ်ကြောင်းတို့ကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ကဏ္ဍအသီးသီးရှိဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ၁၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။