မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၇

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈:၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာများနှင့် ခရိုင်ဘဏ်ခွဲမန်နေဂျာများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စီးပွားရေးဦးတည်ချက်(၃)ရပ်တွင်ပါဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ (MSME) ကို အားပေးကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် စားသုံးဆီဖူလုံရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေနှင့် MSME ဖွံ့ဖြိုးတိုး တက်ရေးရန်ပုံငွေများကို ထူထောင်ပြီး MSME လုပ်ငန်းများကို ငွေကြေးအရင်းအနှီးများ ပံ့ပိုး ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာသောချေးငွေများ ထုတ်ချေးပေး လျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်ခွဲမန်နေဂျာများက အဆင်ပြေချောမွေ့အောင် ပံ့ပိုးဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ ယုံကြည်စိတ်ချ ရသောနိုင်ငံပိုင်ဘဏ်ကြီးဖြစ်၍ ပြည်သူများက အပ်ငွေများတိုးမြင့်အပ်နှံလာရေး၊ အပ်ငွေများကို လည်း ထိရောက်စွာအသုံးချပြီး အရည်အသွေးပြည့်ဝသည့်ချေးငွေများကို ဘဏ်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ချေးရေးနှင့် ချေးငွေသုံးစွဲမှုများ စနစ်တကျ ဖြစ်စေရးအတွက် မန်နေဂျာများက စဉ်ဆက်မပြတ်ကြီးကြပ် စစ်ဆေးဆောင်ရွက်ကြရန်၊ ချေးငွေ များကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်စေရေး၊ ကြွေးကျန်များ လျော့နည်း ကျဆင်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

နည်းပညာတိုးတက်မှုများနှင့်အတူ လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်း များကို ပိုမိုတိုးမြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ငွေကြေးစနစ်တည်ငြိမ် ရေးနှင့် ထိရောက်သည့်ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ခိုင်မာတိုးတက်လာစေရေး အတွက် Digital Payment Switch စီမံကိန်းကို  ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်သည်နှင့်အမျှ ပြည်တွင်းတွင်သာမက ပြည်ပနှင့်ပါ ချိတ်ဆက်ဆောင်ရွက်လာနိုင်မည်ဖြစ်၍ ဘဏ်လုပ်ငန်းစနစ်တွင် အားလုံးပါဝင်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ယင်းသို့ ခေတ်မီဘဏ်လုပ်ငန်းနည်းပညာများကို အသုံးပြုဆောင်ရွက်ခြင်းဖြင့် အသုံးပြုသူများအနေဖြင့် ဘဏ်လုပ်ငန်းများကို လွယ်ကူလျင်မြန် စိတ်ချယုံကြည်စွာ ဆောင်ရွက်လာနိုင်ကြမည်ဖြစ်ကြောင်း။

ဘဏ်လုပ်ငန်းများကို  အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်နိုင်ရေးအတွက် ဘဏ်တွင်းစာရင်း စစ်ဌာနခွဲမှ ဘဏ်ခွဲများအား ပုံမှန်စစ်ဆေးခြင်း၊ သွားလာရန်ခက်ခဲသည့်ဘဏ်ခွဲများကို Off-site စနစ်ဖြင့်စစ်ဆေးခြင်းများကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ ငွေကြေး မသမာမှုများနှင့် အလွဲသုံးစားမှုများကို အချိန်မီ ထိရောက်စွာကာကွယ်တားဆီးနိုင်မည်ဖြစ် ကြောင်း၊ ထို့ပြင် ဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှုအရည်အသွေးများ တိုးမြင့်လာရန် အတွက် စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူပြည်သူများ ဘဏ်နှင့်အကျွမ်းတဝင်ရှိလာပြီး ဘဏ်လုပ်ငန်းတွင် ယုံကြည်မှုရှိစွာဖြင့် အားလုံးပါဝင် ဆောင်ရွက်လာနိုင်စေရေးအတွက် ပြည်သူများအား ဘဏ်လုပ်ငန်းဆိုင်ရာအသိပညာနှင့် ခေတ်မီဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရရှိခံစားစေရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း မှာကြားပါသည်။

မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး၊ ယခုနှစ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်နှင့်ပူးပေါင်း၍ ဘဏ်လုပ်ငန်းဆိုင်ရာ စာတမ်းဖတ်ပွဲများအပါအဝင် ကဏ္ဍအလိုက်ဆွေးနွေး မှုများကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်