နေပြည်တော်၊ အောက်တိုဘာ ၃၁
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၃၀-၁၀-၂၀၂၄ ရက်၊ နံနက် ၀၉:၀၀ နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး က အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် တန်ဖိုးရှိသည့်မှတ်တမ်းမော်ကွန်းများကို ပံ့ပိုးပေးရသည့် ဌာနဖြစ်ကြောင်း၊ ဤသင်တန်းသည် မော်ကွန်းတိုက်ဝန်ထမ်းများအတွက် အရေးပါသော သင်တန်းတစ်ခုဖြစ်ကြောင်း၊ အတွေးအခေါ်အယူအဆ နှင့် စိတ်ဓာတ်ကောင်းမွန်ရန်လိုကြောင်း၊ ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်ပို့ချခြင်းသည် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ကောင်းမွန်ပြီး မိမိတို့၏ အရည်အသွေးတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း လမ်းညွှန်မှာကြားပါသည်။
အဆိုပါသင်တန်းကို (၇)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ အရာထမ်းနှင့်အမှုထမ်း စုစုပေါင်း(၅၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်