မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၁၃

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၁/၂၀၂၄) ကြိမ် မြောက်အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်အမှာစကား ပြော ကြားသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်အစည်းအဝေးကို လစဉ်ပုံမှန်ကျင်းပပြုလုပ်လျက်ရှိရာ ကော်မရှင်အနေဖြင့် ဈေးကွက်တွင် ပါဝင်သူများအား စည်းမျဉ်းထိန်းကျောင်းမှုသာမက ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို‌ ဦးတည်ဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ထို့ပြင် အခြားငွေချေးသက်သေခံလက်မှတ်အမျိုးအစားများ ဖွံ့ဖြိုးတိုးတက်လာ အောင်ဆောင်ရွက်ရာတွင် လက်ရှိအစိုးရငွေတိုက်စာချုပ်/ငွေတိုက်လက်မှတ်များ၏ ဒုတိယဈေး ကွက် (Secondary Market) ဖွံ့ဖြိုတိုးတက်‌ရေးသာမက အခြားအာဆီယံနိုင်ငံများကဲ့သို့ Green Bond/Social Bond စသည်ဖြင့် ထုတ်ဝေရောင်းချမှုများကိုလေ့လာ၍ ကော်ပိုရိတ်ငွေချေးစာချုပ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သည်များအား ပြင်ဆင်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေသကဲ့သို့ MSME များ ရန်ပုံငွေရရှိ‌ရေးအတွက် စာရင်းဝင်အကြိုဈေးကွက်မှတစ်ဆင့် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရန် ဖြစ် ကြောင်း၊ ထို့ပြင် လက်ရှိ ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ်၍ ဈေးကွက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့်ပုဒ်မများ ပြင်ဆင်ဖြည့်စွက်နိုင်ရေး သုံးသပ်ရန်ဖြစ်ကြောင်း၊ အခြားနိုင်ငံ များ၏ဆောင်ရွက်ချက်များကိုလေ့လာ၍ မိမိနိုင်ငံတွင် အဆိုပါဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် မည်သို့ဆောင်ရွက်မည်ကို သုံးသပ်တင်ပြကြရန်ဖြစ်ကြောင်း၊ ကော်မရှင်မှ အာဆီယံအရင်း အနှီးဈေးကွက်ဖိုရမ်တွင် ပုံမှန်ပါဝင်တက်‌ရောက်ခြင်းဖြင့် ‌‌ဒေသတွင်းဆောင်ရွက်ချက်များကို မျက်ခြည်မပြတ်လေ့လာပြီး သုတေသနပြုလုပ်၍ ဆောင်ရွက်သင့်သည်များကို တင်ပြဆောင်ရွက်ကြ ရန်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ကော်မရှင်အတွင်း‌ရေးမှူးမှ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသို့ သွားရောက်စစ်ဆေး မှုမှ တွေ့ရှိချက်များ၊ ငွေတိုက်လက်မှတ်/ငွေတိုက်စာချုပ်ရောင်းဝယ်မှုအခြေအနေများ၊ ငွေချေးသက် သေခံလက်မှတ်ကုမ္ပဏီများ၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange - YSX) စာရင်းဝင် ကုမ္ပဏီများ၏ အရောင်းအဝယ်အခြေအနေ၊ စာရင်းဝင်ကုမ္ပဏီများတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အခြေအနေများစသည်တို့ကို တင်ပြဆွေးနွေးခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးကြပြီး ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို မွန်းလွဲ (၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။


အစည်းအဝေးသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် အတွင်းရေးမှုးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနဥပဒေအကြံပေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်