ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စာရင်းအင်းဥပဒေ၊ နည်းဥပဒေများအသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ၂၀-၁-၂၀၂၂ ရက်နေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ (၁) ၌ ကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိ ပညာမြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဗဟိုစာရင်းအင်း အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်းများ တက်ရောက် ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က အမှာ စကားပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင်ထုတ်ပြန်ခဲ့သော စာရင်းအင်းဥပဒေနှင့် ၂၀၂၁ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့သော စာရင်းအင်းနည်းဥပဒေများ သက်ဝင်လာစေရန်၊ အမျိုးသားစာရင်း အင်းစနစ်တွင် ပါဝင်သော သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား စာရင်းအင်း ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် စာရင်းအင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံတွင် ၁၉၅၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် စာရင်းအင်းအက်ဥပဒေသည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီး ခေတ်စနစ်နှင့်လျော်ညီမှုမရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် စာရင်းအင်းလုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်ရာတွင် ပြောင်းလဲလာသည့်ခေတ်စနစ်များနှင့်အညီ လုပ်ကိုင်နိုင်ရန်အတွက် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများကို အသစ်ရေးဆွဲပြဋ္ဌာန်းရခြင်း ဖြစ်ပါကြောင်း၊ စာရင်းအင်း ဥပဒေအရ စာရင်းအင်းအချက်အလက်များ ခိုင်မာအားကောင်းရန်၊ ပြည့်စုံမှန်ကန်မှုရှိစေရန်၊ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်နိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သည့်ဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရန်အတွက် ပြည်ထောင်စုအဆင့်တွင် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊

အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုစနစ်များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ သန်းခေါင်စာရင်းနှင့်စစ်တမ်းများ ကောက်ယူရာတွင် နည်းပညာအကူအညီ များ၊ အကြံဉာဏ်များပေးအပ်ခြင်း၊ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာကို အကောင်အထည်ဖော်ခြင်း၊ မြန်မာနိုင်ငံ၏တရားဝင်စာရင်းအင်းများထုတ်ပြန်ခြင်း၊ အားပေးမြှင့်တင် ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား စာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်းအချက် အလက်ပံ့ပိုးပေးနေသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေတွင်လည်း နေပြည်တော်စာရင်းအင်းအချက် အလက်မှန်ကန်ရေးနှင့် အရည် အသွေးပြည့်ဝရေးကော်မတီကို ပြည်ထောင်စုနယ်မြေတွင်ရှိသည့်ဌာနများနှင့်ဖွဲ့စည်းပြီး စာရင်းအင်း အချက်အလက်များ ပြည့်စုံမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စာရင်းအင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်အတွက် အသိပညာမြှင့်တင်ခြင်းလုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် အမျိုးသားစာရင်းအင်းစနစ်အတွင်း ပါဝင်ပတ်သက်သူများအားလုံးနှင့် ဌာန ဆိုင်ရာများအားလုံးသည် စာရင်းအင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြရာတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဦးထွန်းဇော်က စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

,