Secured Transaction-ST Law ပြဌာန်းနိုင်ရေးနှင့်စပ်လျဉ်း၍
ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ( ဥက္ကဌ၊ Inter-Ministerial Steering
Committee for Financial Inclusion Roadmap )ဦးဆောင်၍ Secured Transaction - ST Law
ပြဌာန်းနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ (၁၉) ရက်နေ့
နံနက်(၁၀:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး
ဦးစီးဌာန၊ ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ Secured Transaction-ST Law ပြဌာန်းနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေ ၊ ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေး
ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊International Finance Corporation(IFC)မှ Country Officer နှင့်
Senior Financial Sector Specialist များ၊ နိုင်ငံပိုင်ဘဏ် (၄)ဘဏ် မှ ဦးဆောင်ညွှန်ကြားရေးမှူးများ ၊
၎င်းတို့၏ကိုယ်စား အထွေထွေမန်နေဂျာနှင့် ဒုတိယအထွေထွေမန်နေဂျာများ၊ ငွေရေးကြေးရေးကြီးကြပ်
စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၃၄) ဦးတက်ရောက်ခဲ့ပါသည်။
၃။ အစည်းအဝေး၌ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအား အပေါင်ထား၍ ချေးငွေ ရယူနိုင်ရေးတွင်
ချေးငွေဈေးကွက်အတွက် လိုအပ်သောဥပဒေဖြစ်သည့် Secured Transaction-ST Law ရေးဆွဲပြဌာန်းနိုင်ရေး၊
သက်ဆိုင်ရာဌာန ၊အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် Working Group ဖွဲ့စည်း ဆောင်ရွက်ရေးနှင့်
ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး နေ့လည် (၁၂:၀၀) နာရီတွင်
အစည်းအဝေး ပြီးဆုံးခဲ့ပါသည်။