မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အာမခံအမျိုးအစားပေါင်း (၄၀) မျိုးအား ဆောင်ရွက်ပေးလျက် ရှိပါသည်။ နေ့စဉ် အာမခံထားရှိမှုများအား လက်ခံဆောင်ရွက်ပေးခြင်းနှင့်် နစ်နာကြေး/ လျော်ကြေး ပေးချေခြင်းများကိုလည်း ပြုလုပ်ပေးလျက်ရှိပါသည်။
အာမခံအမျိုးအစားပေါင်း (၄၀) မျိုးအနက်မှ ၁.၁၀.၂၀၁၈ မှ ၅.၄.၂၀၁၉ ထိ အလုံးစုံမော်တော်ယာဉ်အာမခံထားရှိသော မော်တော်ယာဉ်များအနက်မှ ကြီးမားစွာထိခိုက်ပျက်စီးမှုဖြစ်ပွား သည့်် ယာဉ် (၃) စီးအတွက် လျော်ကြေးငွေ ကျပ် ၃၁၅.၉၃ သန်း နှင့် ကုန်းလမ်းကုန်ပစ္စည်း အာမခံ (၁) စောင်အတွက် လျော်ကြေးငွေ ကျပ် ၁၀.၂၉ သန်း၊ စုစုပေါင်း လျော်ကြေးငွေ ကျပ် ၃၂၆.၂၂ သန်းအား အာမခံထားရှိသူများသို့ ပေးအပ်သည့်အခမ်းအနားကို မြန်မာ့အာမခံ လုပ်ငန်း (ရုံးချုပ်) ၌ ၉.၄.၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးမှ အမှာစကားပြောကြားပြီး လျော်ကြေးငွေများ ပေးအပ်ခဲ့ပါသည်။
မြန်မာ့အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက်ပေးလျက်ရှိသော အာမခံလုပ်ငန်းအမျိုးအစားများကို ပြည်သူများစိတ်ချမ်းသာမှုရှိစေရန်အတွက် တိကျမှန်ကန်မြန်ဆန်စွာဖြင့် (၂၄) နာရီ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။