စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရုံးအမှတ် (၃၂)၊ နေပြည်တော်ရှိ အုပ်ချုပ်ရေးဆောင် (ရုံးအဆောက်အဦ) (၁၈၀'x၅၀') ၃ထပ် RC (၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်း ဆောက်လုပ် နိုင်ရန် အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များကို ရုံးအမှတ်(၃၂)၊ နေပြည်တော် ၊ ဗဟိုစက်ပစ္စည်း စာရင်းအင်း နှင့်စစ်ဆေးရေးဦးစီးဌာန နှင့် ပစ္စည်းထိန်းဌာနခွဲ၊ သဇင်ရုံလမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တို့တွင် တင်ဒါဖောင်(၁)စောင်လျှင် ကျပ်၁၀၀၀၀/-(ကျပ်တစ် သောင်းတိတိ) ဖြင့် ဝယ်ယူနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းချမည့်ရက် - ၁၄.၁.၂၀၁၉ ရက်နေ့မှ ၈.၂.၂၀၁၉ ရက်နေ့ထိ
(ရုံးချိန်အတွင်း)
၄။ တင်ဒါတင်သွင်းရမည့်နေရာ - ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေး
ဦးစီးဌာန၊ ရုံးအမှတ် (၃၂) ၊ နေပြည်တော်
၅။ တင်ဒါဖွင့်မည့်ရက်၊အချိန် - ၁၄.၂.၂၀၁၉ ရက်နေ့၊ ၁၃:၀၀ နာရီ
၆။ ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၆၀၈၈၊ ၀၆၇-၄၀၆၂၆၅၊ ၀၁-၆၅၁၄၁၂
တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
Attachment | Size |
---|---|
Rule 1.pdf | 491.2 KB |