_Page_2.png)
နေပြည်တော်၊ ဩဂုတ် ၇-၈
အင်ဒိုနီးရှားနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြီးမှူးသည့် The 2nd ASEAN Treasury Forum Meeting 2025 ကို ၇-၈-၂၀၂၅ ရက်နှင့် ၈-၈-၂၀၂၅ ရက်တို့တွင် မလေးရှားနိုင်ငံ၊ Putrajaya မြို့၌ (၂) ရက်ကြာ ကျင်းပခဲ့ရာ ၎င်းအစည်းအဝေးသို့ ငွေတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီသန်းဦးဆောင်သောအဖွဲ့က Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။
၇−၈−၂၀၂၅ ရက်နေ့ အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာ Working Group ကိုယ်စားလှယ်များက Technical-Level Discussions of Working Groups ၏ ခေါင်းစဉ် (၄) ခု ဖြစ်သည့် (က) အစိုးရအသုံးစရိတ်စီမံခန့်ခွဲမှု (Public Expenditure Management)၊ (ခ) အစိုးရငွေကြေးစီမံခန့်ခွဲမှု (Government Cash Management)၊ (ဂ) အစိုးရစာရင်းပေါင်းချုပ်ပြုစုရေးနှင့် အစီရင်ခံရေး (Government Accounting & Reporting)၊ (ဃ) ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်ခြင်း (Digitalization of Public Finance Management) နှင့်စပ်လျဉ်း၍ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများအကြား လက်တွေ့ကျင့်သုံးနေသည့် ငွေတိုက်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများအား အပြန်အလှန်မျှဝေ ဆွေးနွေးတင်ပြခဲ့ပါသည်။ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB) က Policy Workshop on Climate-responsive Public Financial Management in ASEAN Countries ခေါင်းစဉ်ဖြင့် Side Event အဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၈−၈−၂၀၂၅ ရက်နေ့ Plenary Meeting တွင် Technical- Level Discussions of Working Groups တွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ် (၄) ခုအပေါ် သက်ဆိုင်ရာ Working Group ခေါင်းဆောင်များက အကျဉ်းချုပ်ပြန်လည်တင်ပြခဲ့ပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ The 3rd ASEAN Treasury Forum Meeting 2026 အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။