အဆိုပါအစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာ၌ နှစ်သစ်တွင်မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး နိုင်ငံ့တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေကြောင်း ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ်ရန်မှာကြားလိုကြောင်း၊ ထို့အပြင် ကော်မရှင်အပေါ်ရောက်ရှိနိုင်သည့် သက်ရောက်မှုများကို ကြိုတင်စဉ်းစားပြီး အဆိုပါစိန်ခေါ်မှုများအားမည်သို့ကျော်လွှားရမည်ကို ဆွေးနွေးကြရန်လိုကြောင်း၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၈/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များတင်ပြမှုအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ၁၀:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။