၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ကျင်းပသော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာ၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်၊ ၁၃း၀၀ နာရီအချိန်တွင် ဌာန၏ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၇၆) ဦး တက်ရောက်ပါသည်။

အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခင်လတင်ပြချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကိုသုံးသပ်ပြီး ၂၀၂၅ ခုနှစ်တွင် ၂၀၂၄ ခုနှစ်ထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်ရန်၊ ရုံးတွင်းရုံးပြင်သန့်ရှင်းရေး အပတ်စဉ်သောကြာနေ့တိုင်း ဆက်လက်ဆောင်ရွက်ရန်၊ ဝန်ထမ်းအိမ်ယာများ သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်ရန်၊ လုံခြုံရေးသတိအမြဲရှိစွာဖြင့် သွားလာနေထိုင်ရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်းညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ကဏ္ဍအသီးသီးရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းထုန္ဒဖော်ထုတ်ပွဲကို ၁၄း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။