အသိပညာဖလှယ်ရေးအစီအစဉ် (Knowledge Sharing Programme)

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် (၂၄-၉-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင်  Knowledge Sharing အစီအစဉ် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဤဦးစီးဌာန မှ အရာထမ်း၊ အမှုထမ်း(၈၁)ဦး တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းသီတာ က “2018 Seminar on Documentary Talents of Silk Road Countries” ဟူသောခေါင်းစဉ်ဖြင့် မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်သည့် အကြောင်းအရာအချက်အလက်များ ရှာဖွေစုဆောင်းခြင်း၊ ရိုက်ကူးထုတ်လုပ်ပြသခြင်း၊ ထိန်းသိမ်းထားရှိခြင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ မှတ်တမ်းရုပ်ရှင်၏ သမိုင်းဓလေ့ထုံးစံများ၊ ဒေသန္တရ အချက်အလက်များနှင့် အတုယူမှတ်သားဖွယ်ဗဟုသုတများအကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများမှ  အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

,