စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ ၁၃:၃၀ နာရီအချိန်တွင် ဌာန၏ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၈၅) ဦး တက်ရောက်ပါသည်။
အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခင်လတင်ပြချက်များအပေါ်စိစစ်သုံးသပ်ပြီး ဝင်ငွေခွန်ဆောင်ရန် ကိစ္စရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ အိမ်ရာများတွင် ရေစနစ်တကျအသုံးပြုရန်၊ ဧည့်သည်ဝင်ရောက်မှုများကို စနစ်တကျတိုင်ကြားရန်၊ ရုံးတွင်းရုံးပြင်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အိမ်ရာသန့်ရှင်းရေးများကို အထူးဂရုပြုဆောင်ရွက်ရန်၊ လုံခြုံရေးသတိဝိရိယထား ဆောင်ရွက်ရန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်တို့ကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ကဏ္ဍအသီးသီးရှိဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲကို ၁၄:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။