ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

 ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တည်မြဲအမိန့်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 အခမ်းအနားတွင် ညွှန်ကြားရေးမှူး (စီမံ) မှ ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဥပဒေမူဘောင်၊ မြန်မာနိုင်ငံတွင် သဘာဝဘေးဖြစ်ပွားနိုင်မှု အခြေအနေ သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အတွက် ဖွဲ့စည်းမှုများ၊ ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စံပြုလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း နည်းလမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကာ အခမ်းအနားကို မွန်းလွဲ ၂:၄၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။