အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ ဌာနတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ၄/၂၀၂၄-၂၀၂၅ ကို ၃-၉-၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၅၀) နာရီထိ ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ရန်ကုန်ရုံးခွဲ (Online)၊ မန္တလေးရုံးခွဲ၊ နေပြည်တော်ရုံးချုပ်ဌာနခွဲများမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် ထိ အရာထမ်းများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဌာနအသီးသီးမှ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ရန် အချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။