အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄) ဆင်းပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ PFM လေ့ကျင့်သင်ကြားရေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ စာတွေ့လက်တွေ့သင်ယူခဲ့ရသော ကွန်ပျူတာပညာရပ်များကို လုပ်ငန်းခွင်တွင်ကျွမ်းကျင်စွာ ပြန်လည်အသုံးချတတ်စေရန်၊ အခြေခံမှစ၍ ကျွမ်းကျင်အဆင့်အထိရောက်စေရေး ဆက်လက်လေ့လာသွားရန်နှင့် တိုးတက်လာသောခေတ်နှင့်အညီ ဝန်ထမ်းများအားလုံးသည် ကွန်ပျူတာကိုကျွမ်းကျင်စွာအဆိုင်းချပြီး လုပ်ငန်းများပိုမိုတိုးတက်ဆောင်ရွက်နိုင်စေရေး ကြိုးစားကြရန် လမ်းညွှန်မှာကြားပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၄) ဦး တက်ရောက်ကြပါသည်။