နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ မှတ်တမ်းများ ကွင်းဆင်းရယူဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် ရည်မှန်းချက်တာဝန်တစ်ခုဖြစ်သည့် မှတ်တမ်းများ ရယူစုဆောင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများသို့ မှတ်တမ်းများ ကွင်းဆင်းရယူရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို (၆-၆-၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ(Bဆောင်)၌ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဦးဆောင်ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက် အတွင်းဝန် ဦးအောင်ကျော်ထူး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်သောင်းထွန်းနှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး  ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  

အဆိုပါအစည်းအဝေးတွင် မှတ်တမ်းများကွင်းဆင်းရယူရေးနှင့်ပတ်သက်၍ အမျိုးသား မှတ်တမ်းနှင့်မော်ကွန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် နယ်စပ် ရေးရာဝန်ကြီးဌာနအနေဖြင့် ထာဝစဉ်ထိန်းသိမ်းရန်လိုအပ်သော မှတ်တမ်းများကို အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည် ကိုးကားနိုင်ရန်အတွက်ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

,