ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် အောက်ဖော်ပြပါ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း ဆောက်လုပ်ရေး လုပ်ငန်း(၂)ခု ဆောင်ရွက်လိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) ရန်ကုန်ရုံးခွဲရှိ ယာဉ်သိုလှောင်ရုံအမှတ် (၃) တွင် 3" Angle အမိုးဒိုင်း (၆) ဒိုင်း လဲလှယ်ခြင်းလုပ်ငန်း၊
( ခ ) ရန်ကုန်ရုံးခွဲရှိ ယာဉ်သိုလှောင်ရုံအမှတ် (၆) တွင် ၁၀၅' ရေတံလျောက် (၁) ခု လဲလှယ်ခြင်းလုပ်ငန်း။
၂။ အိတ်ဖွင့်တင်ဒါပုံစံ၊စည်းကမ်းချက်များကို ရုံးအမှတ်(၃၂-D)၊ နေပြည်တော်၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပစ္စည်းထိန်းဌာနခွဲ၊ သဇင်ရုံလမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင်တင်ဒါပုံစံ(၁)စောင်လျှင် ကျပ်၂,၀၀၀/-(ကျပ်နှစ် ထောင်တိတိ) ဖြင့် ဝယ်ယူနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းမည့်ရက် - ၁၀-၄-၂၀၂၄ ရက်နေ့မှ ၂၃-၄-၂၀၂၄ ရက်နေ့ထိ (ရုံးချိန်အတွင်း)
၄။ တင်ဒါတင်သွင်းရမည့်နေရာ - ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာန၊ ရုံးအမှတ် (၃၂-D)၊ နေပြည်တော်
၅။ တင်ဒါဖွင့်မည့်ရက်၊အချိန် - ၂၅ - ၄ - ၂၀၂၄ ရက်နေ့ ၊ ၁၀:၀၀ နာရီ
၆။ ဆက်သွယ်ရန်ဖုန်း - ၀၆၇-၃၄၀၆၀၈၈၊ ၀၆၇-၃၄၀၆၂၆၅၊ ၀၁-၆၅၁၄၁၂
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
Attachment | Size |
---|---|
NP.pdf | 323.91 KB |