(က) ငွေစုဘဏ်အပ်ငွေနှင့် စာရင်းသေအပ်ငွေအပေါ် အတိုးနှုန်းအား (၁-၆-၂၀၂၃) နေ့မှစ၍ ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်းကို တစ်နှစ်လျှင် (၅%)မှ (၆%)သို့လည်းကောင်း၊ (၁)လစာရင်းသေ အပ်ငွေအပေါ် အတိုးနှုန်းကို တစ်နှစ်လျှင် (၅.၇%)မှ (၆.၂၅%)၊ (၃)လစာရင်းသေအပ်ငွေအပေါ် အတိုးနှုန်းကို တစ်နှစ်လျှင် (၆.၇%)မှ (၆.၇၅%)၊ (၉)လစာရင်းသေအပ်ငွေအပေါ် အတိုးနှုန်းကို တစ်နှစ်လျှင် (၇.၂%)မှ (၇.၅%)သို့လည်းကောင်း၊ (၁၂)လစာရင်းသေအပ်ငွေအပေါ် အတိုးနှုန်းကို တစ်နှစ်လျှင် (၈%)သို့ ပြင်ဆင်တိုးမြှင့်ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
(ခ) MICB ဘဏ်တွင် ငွေစုဘဏ်စာရင်းဖွင့်လှစ်ထားသော ငွေစုဆောင်းသူများစာရင်းသို့ အတိုး ထည့်သွင်းပေးခြင်းကို တစ်နှစ်လျှင် (၂)ကြိမ် ဆောင်ရွက်ခြင်းအစား ၂၀၁၇ခုနှစ်၊ ဇွန်လမှစ၍ တစ်နှစ် (၄)ကြိမ်(ဇွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလနှင့် မတ်လစာရင်းပိတ်ချိန်များတွင်) အတိုးထည့်သွင်းရန် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။
(ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) အရ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ခွင့်ပြုမိန့်ဖြင့်သာ နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပါသည်။
(ဃ) ပုဂ္ဂလိကဘဏ်များ၏ ကျပ်ငွေလိုအပ်ချက်များအတွက် ဘဏ်အချင်းချင်းချေးငွေထုတ်ချေး ခြင်း (Bilateral Interbank Lending)ကို ဆောင်ရွက်ပေးပါသည်။