အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့
(၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌ Hybrid အစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းသုံးသပ်ရေးအဖွဲ့၏ (၁/၂၀၂၃)
အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းအဖွဲ့မှ အစီရင်ခံစာ(မူကြမ်း) ပြုစုထားရှိမှုနှင့် အချက်အလက်များ
ပံ့ပိုးပေးရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ဌာနအလိုက် ဆောင်ရွက်ရန်လိုအပ်ချက်များ၊ အကြံပြုချက်များဆွေးနွေး
ခဲ့ပြီး လုပ်ငန်းအဖွဲ့ဥက္ကဌမှ ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်၍ အစည်းအဝေးကို နံနက် (၁၁:၄၅) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။