စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရှိ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်
ဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းဆွေးနွေးမှုကို ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီတွင် ဦးစီးဌာန
အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊
ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။
ကဏ္ဍအလိုက် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းပုံမှန်
အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ ထူးခြားစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊
အားသာချက်/ အားနည်းချက်များ၊သုံးသပ်ချက်များနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အစီအစဉ်များကို
ရှင်းလင်းတင်ပြဆွေးနွေးကြပါသည်။
အဆိုပါ တင်ပြဆွေးနွေးချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက်
ခြုံငုံသုံးသပ်၍လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဆွေးနွေးမှုကို (၁၆:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။