Myanmar Fiber Optic Communication Network Co., Ltd. မှ Deputy Managing Director ဖြစ်သူ Mr. Lin Chao Hsiang နှင့် အဖွဲ့သည် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့်၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် လာရောက်၍ တွေ့ဆုံခဲ့ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှု နှင့် သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။