ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
ရုံးအမှတ်(၃၂)၊ နေပြည်တော်
စိစစ်ရေးမှူး-၂ ရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ်နှင့် ရုံးအကူရာထူးနေရာများအတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ် ကြေညာခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနမှ နေပြည်တော်၌ ၇-၁-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စိစစ်ရေးမှူး-၂ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ အောင်မြင်သူများကို ၁၄-၁-၂၀၂၃ ရက်နေ့ (စနေနေ့)တွင် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးခြင်းကိုလည်းကောင်း ရုံးအကူရာထူးနေရာ များကို ၁၅-၁-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့)တွင် လူတွေ့စစ်ဆေးခြင်းကိုလည်းကောင်း ဆောင်ရွက် မည်ဖြစ်ပါသည်။ စိစစ်ရေးမှူး-၂ ရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သည့်စာရင်းနှင့် ရုံးအကူ ရာထူးနေရာများအတွက် လူတွေ့ဖြေဆိုခွင့် ရရှိသူများစာရင်းကို ဤဦးစီးဌာန၏ ကြေငြာသင်ပုန်း နှင့် ပူးတွဲပါ PDF ဖိုင်တို့ဖြင့် ဖော်ပြထားရှိပါသည်။
၂။ ရုံးအကူရာထူးနေရာများအတွက် လူတွေ့စစ်ဆေးမှုခံယူရန် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းတို့ကို မိမိနှင့်တစ်ပါတည်းယူဆောင်လာရမည် ဖြစ်ပါကြောင်း နှင့် စိစစ်ရေးမှူး-၂ ရာထူးနေရာများ အတွက် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမှုခံယူရန် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂)၊ နေပြည်တော်သို့ မိမိတို့ ဖြေဆို ရမည့်ရက်များတွင် သတ်မှတ်အချိန် အတိုင်း သတင်းပို့ကြရန်နှင့် အောက်ဖော်ပြပါ စာရွက်စာတမ်းများ ကို မိမိနှင့်တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ဘွဲ့လက်မှတ် သို့မဟုတ် အောင်လက်မှတ် မူရင်း
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း
၃။ လူတွေ့စစ်ဆေးမှုနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၀၆၀၆၆၊ ၀၆၇-၃၄၀၆၀၆၇၊ ၀၆၇-၃၄၀၆၅၁၂ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
စိစစ်ရေးမှူး-၂ ရာထူးနေရာများအတွက် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ် နှင့် ရုံးအကူရာထူးနေရာများအတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ် ကြေညာခြင်း
ကျင်းပမည့်နေရာ။ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊
ရုံးအမှတ်(၃၂)၊ နေပြည်တော်
စဉ် |
ကျင်းပမည့် နေ့ရက် |
ကျင်းပမည့် အချိန် |
အကြောင်းအရာ |
ရေးဖြေစာမေးပွဲ အောင်စာရင်းအမှတ်စဉ် |
|
စိစစ်ရေးမှူး-၂ ရာထူးနေရာများအတွက် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ် |
|||
၁။ |
၁၄-၁-၂၀၂၃ (စနေနေ့) |
နံနက် ၈:၀၀ နာရီ |
ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း |
အမှတ်စဉ် ၁ မှ ၁၉ အထိ |
|
|
နံနက် ၉:၃၀ နာရီ |
ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း |
အမှတ်စဉ် ၂၀ မှ ၃၈ အထိ |
|
|
နံနက် ၉:၁၅ နာရီ မှ နေ့လယ် ၁၃:၁၅ အထိ |
လူတွေ့စစ်ဆေးခြင်း |
အမှတ်စဉ် ၁ မှ ၁၉ အထိ |
|
|
နေ့လယ် ၁၄:၁၅ နာရီ မှ ညနေ ၁၇:၁၅ အထိ |
လူတွေ့စစ်ဆေးခြင်း |
အမှတ်စဉ် ၂၀ မှ ၃၈ အထိ |
|
ရုံးအကူ ရာထူးနေရာများအတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ် |
|||
၂။ |
၁၅-၁-၂၀၂၃ (တနင်္ဂနွေနေ့) |
နံနက် ၈:၃၀ နာရီ နေ့လယ် ၁၂:၃၀ |
လူတွေ့စစ်ဆေးခြင်း |
အမှတ်စဉ် ၁ မှ ၁၉ အထိ |
|
|
နေ့လယ် ၁၃:၃၀ နာရီ မှ ညနေ ၁၇:၃၀ အထိ |
လူတွေ့စစ်ဆေးခြင်း |
အမှတ်စဉ် ၂၀ မှ ၃၈ အထိ |
Attachment | Size |
---|---|
A-2 (38) list.pdf | 99.38 KB |
Helper (37) list.pdf | 88.52 KB |