AML/CFT/ WMD ဆိုင်ရာ အသိပညာမြှင့်တင်‌ရေးသင်တန်းကျင်းပပြီးစီးခြင်း

                                 ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

‌                AML/CFT ဆိုင်ရာ အသိပညာမြှင့်တင်‌ရေးသင်တန်းကျင်းပပြီးစီးခြင်း

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို

ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ  အသိပညာမြှင့်တင်ရေး သင်တန်းကို မြန်မာနိုင်ငံငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) ၊

အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (BSI)  တို့နှင့် ပူးပေါင်း၍ ၄-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁၄း၃၀ နာရီထိ

Online မှတစ်ဆင့် Virtual Training  ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါသင်တန်းသို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ကြီးကြပ်ကွပ်ကဲမှု အောက်ရှိ သတင်းပို့ အဖွဲ့အစည်းဖြစ်သည့်

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ AML/CFT ဆိုင်ရာ Compliance Officer (သို့မဟုတ်) သက်ဆိုင်ရာ တာဝန်ခံကိုယ်စားလှယ်များနှင့်

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်နှင့် ရုံးချုပ်ရှိ

ကြီးကြပ် စစ်ဆေးရေးဌာနခွဲ အသီးသီးမှ ကြီးကြပ်စစ်ဆေးသူများတက်ရောက်ကြပါသည်။