၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ လစ်လပ် လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ-၂ (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး(၃) နေရာ၊ မော်ကွန်းထိန်းလက်ထောက်-၃ (လစာနှုန်းကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ရာထူးနေရာများကို ကျောထောက် နောက်ခံပြု၍ အလုပ်သင်အဆင့် (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး(၆)နေရာနှင့် အငယ်တန်း စာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး(၃)နေရာတို့ အတွက် (၂၉-၉-၂၀၂၂)ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာမှ လျှောက်လွှာခေါ်ယူခဲ့ပြီးဖြစ်ပါသဖြင့် ဖြေဆိုခွင့်ရရှိသူများ စာရင်းမှာ ပူးတွဲဖော်ပြပါ အတိုင်းဖြစ်ပါသည်။
၂။ ယခုအခါ အဆိုပါ ရာထူးနေရာများ ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါ အတိုင်း ဆောင်ရွက်သွားပါမည်-
စဉ်
|
ဖြေဆိုမည့်ဘာသာရပ် |
နေ့ရက် |
အချိန် |
နေရာ |
(က) |
မြန်မာစာ၊အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ |
၂၆-၁၁-၂၀၂၂ (စနေနေ့) |
၉:၀၀ နာရီ မှ ၁၂:၀၀ နာရီ |
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်ရုံးချုပ်) ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကုမုဒြာကြာပန်းဝိုင်းအနီး၊ |
၃။ ဖြေဆိုသူများအနေဖြင့် (၁၈-၁၁-၂၀၂၂)နေ့ နောက်ဆုံးထား၍ နေပြည်တော် ရုံးချုပ်သို့ ဆက်သွယ် သတင်း ပေးပို့ပါရန် နှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၂၄-၁၁-၂၀၂၂ မှ ၂၅-၁၁-၂၀၂၂ နေ့ရက်အထိ ရုံးချိန်အတွင်း မှတ်ပုံတင်(မူရင်း)ပြ၍ လာရောက်ထုတ်ယူနိုင်ပါ သည်။
၄။ စာမေးပွဲ ခုံအမှတ်စာရင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်တမ်းများမော်ကွန်း တိုက်ဦးစီးဌာန၏ Website များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး သိရှိလိုသည့်အချက်များကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(နေပြည်တော်) (ဖုန်း၊ ၀၆၇-၃၄၁၈၃၈၆) သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
Attachment | Size |
---|---|
Date of Exam.pdf | 371.77 KB |