၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ
အသိပညာမြှင့်တင်ရေးသင်တန်းကို မြန်မာနိုင်ငံ ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့(MFIU)
အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (BSI) တို့နှင့် ပူးပေါင်း၍ ၂၂-၉-၂၀၂၂ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁၄း၃၀ နာရီထိ
Online မှတစ်ဆင့် Virtual Training ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါသင်တန်းသို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအောက်ရှိ သတင်းပို့ အဖွဲ့အစည်းများဖြစ်သည့်
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၊ပုဂ္ဂလိကအာမခံကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး
ကြီးကြပ်မှုအောက်ရှိ ငွေချေးသက်သေခံ လက်မှတ်များ ရောင်းဝယ်ရေးကုမ္ပဏီတို့မှ AML/CFT ဆိုင်ရာ Compliance Officer (သို့မဟုတ်)
သက်ဆိုင်ရာ တာဝန်ခံကိုယ်စားလှယ်များနှင့် ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ခံအရာရှိများ အပါအဝင်
စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။
FRD
Attachment | Size |
---|---|
AML CFT powerpoint (22 Sept 2022) F .pdf | 2.08 MB |