စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
စိစစ်ရေးမှူး-၂ ရာထူး (၂၀)နေရာအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၏ စိစစ်ရေးမှူး-၂ ရာထူး(၂၀)နေရာ အတွက် ရေးဖြေစာမေးပွဲကို အောက်ပါအတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
ဖြေဆိုမည့်နေရာ |
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၂)၊ အစည်းအဝေးအခန်း(အောက်ထပ်)၊နေပြည်တော် |
ဖြေဆိုမည့်ရက်စွဲ/အချိန်/ ဘာသာရပ် |
၂၇-၁၁-၂၀၂၁ ရက်နေ့(စနေနေ့) နံနက်(၀၈:၃၀)နာရီမှ (၁၀:၃၀)နာရီထိ (မြန်မာစာ) နေ့လယ်(၁၁:၃၀)နာရီမှ (၁၃:၃၀)နာရီထိ (အင်္ဂလိပ်စာ) ညနေ(၁၄:၃၀)နာရီမှ (၁၆:၃၀)နာရီထိ (အထွေထွေဗဟုသုတ) |
ဖြေဆိုခွင့်ရရှိသူများစာရင်း |
ဤနေရာတွင် Click ၍ PDF ဖိုင်အား Download ပြုလုပ်ရန် |
မှတ်ချက်။ (၁) ရေးဖြေစာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများကို ၂၅-၁၁- ၂၀၂၁ ရက်နေ့မှ ၂၆-၁၁-၂၀၂၁ ရက်နေ့အထိ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနတွင် ရုံးချိန်အတွင်း ကာယကံရှင်ကိုယ်တိုင် လာရောက် ထုတ်ယူပါရန်။
(၂) ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် စာမေးပွဲလာရောက်ဖြေဆိုရာတွင် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြား မူရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း တို့ကို တစ်ပါတည်း ယူဆောင်လာပါရန်။