စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
အသိပေးကြေညာချက်
၁။ COVID-19 ကပ်ရောဂါဘေးကြောင့် စီးပွားရေးထိခိုက်မှုရှိခဲ့သော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွင်း အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်ငယ်များသို့ အတိုးနှုန်း သက်သာသောချေးငွေ (ချေးငွေသက်တမ်း ၁ နှစ်) ကို ၁ နှစ်လျှင် အတိုးနှုန်း ၂% ဖြင့် တစ်ဆိုင်လျှင် အများဆုံးချေးငွေပမာဏ ကျပ်သိန်း (၅၀) အထိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် ထုတ်ချေး မည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ရာ အတိုးနှုန်းသက်သာသော ချေးငွေရယူလိုသည့် ကုန်စုံဆိုင်ငယ်များအနေဖြင့် အောက်ပါဇယားတွင် ဖော်ပြထားသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ချေးငွေရယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
တိုင်းဒေသကြီး / ပြည်နယ် | ဆက်သွယ်ရမည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအမည် |
ကချင်ပြည်နယ် | ဟာနာမိုက်ခရိုဖိုင်းနိုက်(စ်)လီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်)ဒယ်တာ အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ |
ကယားပြည်နယ် | Alliance for Microfinance in Myanmar ၊ ဟာနာမိုက်ခရို ဖိုင်းနိုက် (စ်) လီမိတက် ၊ စထာပါနာလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်)ဒယ်တာ အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ |
ကရင်ပြည်နယ် | ဟာနာမိုက်ခရိုဖိုင်းနိုက်(စ်)လီမိတက်၊ စထာပါနာလီမိတက်၊ အားလီးဒွန်းမိုက်ခရိုဖိုင်းနန့်(စ်)ကုမ္ပဏီလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ |
ချင်းပြည်နယ် | ဟာနာမိုက်ခရိုဖိုင်းနိုက်(စ်)လီမိတက်၊ |
စစ်ကိုင်းတိုင်းဒေသကြီး | Alliance for Microfinance in Myanmar ၊ ဟာနာမိုက်ခရို ဖိုင်းနိုက်(စ်)လီမိတက် ၊ Pact (Global micro Finance Fund) အဖွဲ့အစည်း ၊ မြတ်ကျွန်းသာအသေးစားငွေရေး ကြေးရေးလုပ်ငန်း ကုမ္ပဏီလီမိတက်၊ အယ်အိုအယ်စီ မြန်မာမိုက်ခရို ဖိုင်းနန့်(စ်)၊ စထာပါနာလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ |
တနင်္သာရီတိုင်း ဒေသကြီး | ဟာနာမိုက်ခရိုဖိုင်းနိုက်(စ်)လီမိတက် ၊ ထားဝယ်ဖွံ့ဖြိုး တိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက်၊ အောင်ပြည့်ဖြိုးကျော်ကုမ္ပဏီလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ |
နေပြည်တော် | Blue Lion Microfinance (Myanmar) Co., Ltd. ၊ ဟာနာမိုက်ခရို ဖိုင်းနန့်(စ်)လီမိတက်၊ ဆန္ဒဘုန်းပြည့်အသေးစားငွေရေးကြေးရေးလုပ်ငန်း၊ အင်နိုကယ်ပီတယ်လ်မိုက်ခရိုဖိုင်းနန့်စ်ကုမ္ပဏီလီမိတက်၊ Khant Thu Walar Microfinance Co. Ltd. ၊ စထာပါနာလီမိတက် |
ပဲခူးတိုင်းဒေသကြီး (အနောက်) | ASA Microfinance (Myanmar) Ltd. ၊ မြတ်ကျွန်းသာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီလီမိတက်၊ အားလီးဒွန်းမိုက်ခရို ဖိုင်းနန့်(စ်)ကုမ္ပဏီလီမိတက်၊ အယ်အိုအယ်စီမြန်မာမိုက်ခရိုဖိုင်းနန့်(စ်)၊ စထာပါနာလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ |
ပဲခူးတိုင်းဒေသကြီး (အရှေ့) | ASA Microfinance (Myanmar) Ltd. ၊ ဟာနာမိုက်ခရိုဖိုင်းနန့်(စ်) လီမိတက်၊ မြတ်ကျွန်းသာအသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီ လီမိတက်၊ အယ်အိုအယ်စီမြန်မာမိုက်ခရိုဖိုင်းနန့်(စ်)၊ အားလီးဒွန်း မိုက်ခရိုဖိုင်းနန့်(စ်)ကုမ္ပဏီလီမိတက်၊ စထာပါနာလီမိတက်၊ |
မကွေးတိုင်းဒေသကြီး | ASA Microfinance (Myanmar) Ltd. ၊ ဟာနာမိုက်ခရိုဖိုင်းနန့်(စ်) လီမိတက်၊ Pact (Global micro Finance Fund) အဖွဲ့အစည်း၊ အင်နိုကယ်ပီတယ်လ် မိုက်ခရိုဖိုင်းနန့်စ်ကုမ္ပဏီလီမိတက်၊ အယ်အို အယ်စီမြန်မာမိုက်ခရိုဖိုင်းနန့်(စ်) ၊ အားလီးဒွန်း မိုက်ခရိုဖိုင်းနန့်(စ်) ကုမ္ပဏီလီမိတက်၊ စထာပါနာလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်)ဒယ်တာ အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ Alliance for Microfinance in Myanmar ၊ |
မန္တလေးတိုင်းဒေသကြီး | Alliance for Microfinance in Myanmar ၊ ဟာနာမိုက်ခရိုဖိုင်းနိုက် (စ်) လီမိတက်၊ Pact Global micro Finance Fund) အဖွဲ့အစည်း ၊ Social Vision Microfinance Myanmar Co., Ltd. ၊ မြတ်ကျွန်းသာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီလီမိတက်၊ အယ်အိုအယ်စီ မြန်မာမိုက်ခရိုဖိုင်းနန့်(စ်) ၊ အားလီးဒွန်း မိုက်ခရိုဖိုင်းနန့်(စ်) ကုမ္ပဏီ လီမိတက်၊ စထာပါနာလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာ အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ |
မွန်ပြည်နယ် | ASA Microfinance (Myanmar) Ltd. ၊ ဟာနာမိုက်ခရိုဖိုင်းနန့်(စ်) လီမိတက်၊ အင်နိုကယ်ပီတယ်မိုက်ခရိုဖိုင်းနန့်စ် ကုမ္ပဏီလီမိတက်၊ အယ်အိုအယ်စီ၊ အားလီးဒွန်းမိုက်ခရိုဖိုင်းနန့်(စ်) ကုမ္ပဏီလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ စထာပါနာလီမိတက်၊ |
ရခိုင်ပြည်နယ် | ဟာနာမိုက်ခရိုဖိုင်းနိုက်(စ်)လီမိတက်၊ Pact (Global micro Finance Fund) အဖွဲ့အစည်း၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ |
ရန်ကုန်တိုင်းဒေသကြီး | ASA Microfinance (Myanmar) Ltd. ၊ ဟာနာမိုက်ခရိုဖိုင်းနိုက်(စ်) လီမိတက် ၊ Pact (Global micro Finance Fund) အဖွဲ့အစည်း၊ Yangon Y Rural Development Microfinance Co., Ltd. ၊ အင်နို ကယ်ပီတယ်လ်မိုက်ခရိုဖိုင်းနန့်စ် ကုမ္ပဏီလီမိတက်၊ အယ်အိုအယ်စီ မြန်မာမိုက်ခရိုဖိုင်းနန့်(စ်) ၊ အားလီးဒွန်းမိုက်ခရိုဖိုင်းနန့်(စ်) ကုမ္ပဏီ လီမိတက်၊ မေထွဋ်ကုမ္ပဏီလီမိတက်၊ ဘီအမ်အက်(ဖ်) မိုက်ခရိုဖိုင်း နန့်(စ်)ကုမ္ပဏီလီမိတက်၊ စထာပါနာလီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ |
ရှမ်းပြည်နယ်(တောင်) | Alliance for Microfinance in Myanmar ၊ ဟာနာမိုက်ခရိုဖိုင်းနိုက်(စ်) လီမိတက်၊ Pact (Global micro Finance Fund) အဖွဲ့အစည်း၊ မြတ်ကျွန်းသာအသေးစား ငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီလီမိတက်၊ အယ်အိုအယ်စီမြန်မာမိုက်ခရိုဖိုင်းနန့်(စ်)၊ စထာပါနာလီမိတက်၊ မိုက်ခရို ဖိုင်းနန်.(စ်)ဒယ်တာ အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ |
ရှမ်းပြည်နယ်(မြောက်) | Pact (Global micro Finance Fund) အဖွဲ့အစည်း၊ မိုက်ခရို ဖိုင်းနန်.(စ်)ဒယ်တာအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ |
ဧရာဝတီတိုင်းဒေသကြီး | ASA Microfinance (Myanmar) Ltd. ၊ Pact (Global micro Finance Fund) အဖွဲ့အစည်း ၊ Yangon Y Rural Development Microfinance Co., Ltd. ၊ မြတ်ကျွန်းသာအသေးစား ငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီ လီမိတက်၊ မိုက်ခရိုဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်၊ သပြေထွန်းကုမ္ပဏီလီမိတက်၊ အင်နိုကယ်ပီတယ်လ် မိုက်ခရိုဖိုင်းနန့်စ် ကုမ္ပဏီလီမိတက်၊ စထာပါနာလီမိတက်၊ မိုက်ခရို ဖိုင်းနန်.(စ်) ဒယ်တာအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ |
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန