ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၂.၁၂.၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီ တွင် ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်မှ သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ြီး သင်တန်းဆင်း လက်မှတ်များကိုပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း အမှုထမ်းများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါ သည်။
အဆိုပါသင်တန်းကို (၂.၁၀.၂၀၁၆) ရက်နေ့မှစ၍ (၁၂) ပတ်ကြာ သင်ကြားခဲ့ပြီး ဌာနခွဲ အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၁၂) ဦး တက်ရောက်ခဲ့ပါသည်။ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့်ခြေခံကွန်ပျူတာသင်တန်းများမှာ (၁၀)ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်ပြီး စုစုပေါင်းဝန်ထမ်း သင်တန်းသား၊ သင်တန်းသူဦးရေ(၁၁၈)ဦး တက်ရောက်ခဲ့ပြီးဖြစ်ပါသည်။