ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန
အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာန
ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၄) လျှောက်လွှာခေါ်ယူခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာနနှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်း၍ အောက်ဖော်ပြပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပါသည် -
(က) ပြည်သူ့ရေးရာမူဝါဒနှင့် အုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Public Policy and
Administration)(အချိန်ပိုင်းသင်တန်း)
( ခ ) စာရင်းအင်းပညာဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Statistics)
(အချိန်ပိုင်းသင်တန်း)
၂။ သင်တန်းကာလမှာ (၉)လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ တနင်္လာနေ့မှ သောကြာ နေ့ထိ ဖြစ်ပါသည်။ သင်တန်းကို ညနေ (၅:၃၀) နာရီမှ ညနေ (၇:၃၀)နာရီထိ ပို့ချမည်ဖြစ်ပါ သည်။
၃။ အဆိုပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် အောက်ပါ အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -
(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ ဖြစ်ရမည်။
( ခ ) အခြား သင်တန်းတက်ရောက်နေသူ မဖြစ်စေရ။
( ဂ ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
(ဃ) စာရင်းအင်းပညာဘွဲ့လွန် ဒီပလိုမာသင်တန်းအတွက် သက်ဆိုင်ရာဌာန၏ စာရင်းအင်း ယူနစ်တွင် တာဝန်ထမ်းဆောင်နေသူကို
ဦးစားပေးမည်။
(င) ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမည်။
၄။ ဝင်ခွင့်လျှောက်လွှာပုံစံများကို (၁-၁၁-၂၀၁၉) ရက်နေ့မှစ၍ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းဌာနတွင် ဝယ်ယူပြီး (၂၀-၁၁-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းဌာန တွင် လျှောက်ထားရမည်။
၅။ သင်တန်းဝင်ခွင့် ရွေးချယ်ရေးစာမေးပွဲ ကျင်းပမည့်အစီအစဉ်ကို အသိပေးကြေညာပါမည်။
၆။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦး စီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာန ၀၆၇−၃၄၁၈၃၈၅ နှင့် ဒေါက်တာကျော်ဆန်း၊
ညွှန်ကြားရေးမှူး (သင်တန်း)၊ ၀၆၇−၃၄၁၈၃၈၂ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း နိုင်ပါ ကြောင်းနှင့် Website address : www.mopf.gov.mm တွင် ကြည့်ရှုနိုင်ပါကြောင်း ကြေငြာအပ်
ပါသည်။
Attachment | Size |
---|---|
GSAD Training.pdf | 188.26 KB |