နေပြည်တော်၊ စက်တင်ဘာ ၁၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူငယ်စကားဝိုင်း အခမ်းအနားကို နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အလုပ်ကို ဂုဏ်ယူမြတ်နိုးစေရန်၊ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ရာထူးအဆင့်အတန်းအလိုက် တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ကျေပွန်မှု၊ တာဝန်ခံမှုတို့ကို ရှင်းလင်းစွာ သိမြင်စေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ၁၃-၉-၂၀၂၄ ရက်၊ ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများက လူကိုယ်တိုင်နှင့် Online တို့ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အခမ်းအနားကျင်းပရခြင်းအကြောင်းကို ပြောကြားပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် လူငယ်များက “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ထမ်းများ၏ အခန်းကဏ္ဍ (Role of Civil Servants in National Development) ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူငယ်စကားဝိုင်းအပေါ် သုံးသပ်ချက်များ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်