![](http://www.mopf.gov.mm/sites/default/files/japan1.jpg)
![](http://www.mopf.gov.mm/sites/default/files/japan2.jpg)
၁။ မြန်မာနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်၍ ပိုမိုရင်းနှီးမြှုပ်နှံလာစေရန် ရည်ရွယ်၍ 4th Myanmar-Japan Joint Initiative (Phase II) အစည်းအဝေးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHI တို့မှ ပူးတွဲဦးဆောင်၍ သက်ဆိုင်ရာဌာန များမှ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ UMFCCI နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဂျပန်ဘက်မှ ဂျပန်သံရုံး၊ JCCM, JICA, JETRO နှင့် JBIC တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်၍ ၁၈-၈-၂၀၁၇ ရက်နေ့၊ (၁ဝးဝ၀) နာရီတွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ် ပါသည်။
၂။ အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ် (၄၆) ဦးခန့် တက်ရောက်ခဲ့ပါသည်။
၃။ အဆိုပါ အစည်းအဝေးတွင် ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့ (၅) ဖွဲ့ ဖြစ်သည့် ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော စက်မှုမူဝါဒဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကုန်သွယ်ရေး မူဝါဒဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ အခွန်ကိစ္စဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့တို့က ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များ၏ တိုးတက်မှုအစီရင်ခံစာ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီး၊ UMFCCI မှ Private Sector Development အဆိုပြုလွှာနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားချက်များအပေါ် မြန်မာ-ဂျပန် နှစ်ဖက် တာဝန်ရှိပုဂ္ဂိုလ်များမှ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။
၄။ 3rd Myanmar-Japan Joint Initiative (Phase II) အစည်းအဝေးကို ၂၈-၃-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။