စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လိုအပ်လျက်ရှိသော တာယာ (၂၂၄) လုံးနှင့် ဘက်ထရီ (၂၈) လုံး တို့အား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံ၊ စည်းမျဉ်းစည်းကမ်းများကို ရုံးအမှတ် (၃၂-D)၊ နေပြည်တော်၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပစ္စည်းထိန်းဌာနခွဲ၊ သဇင်ရုံလမ်း(၅)ရပ်ကွက်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် တင်ဒါပုံစံတစ်စောင်လျှင် ကျပ်၅,၀၀၀/-(ကျပ်ငါးထောင်တိတိ) ဖြင့် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်
(က) |
တင်ဒါပုံစံရောင်းချမည့်ရက် |
- |
၃၀- ၇-၂၀၂၄ ရက်နေ့မှ ၉-၈-၂၀၂၄ ရက်နေ့အထိ၊ |
( ခ ) |
တင်ဒါတင်သွင်းမည့်နေရာ |
- |
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂-D)၊ နေပြည်တော်၊ |
(ဂ) |
တင်ဒါဖွင့်မည့်ရက်/အချိန် |
- |
၁၃-၈-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ၊ |
(ဃ) |
ဆက်သွယ်ရန်ဖုန်း |
- |
၀၆၇-၃၄၀၆၀၈၈၊ ၀၆၇-၃၄၀၆၂၆၅၊ ၀၁-၆၅၁၀၃၉။ |
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
Attachment | Size |
---|---|
Tender Newspaper PDF.pdf | 69.17 KB |