နိုင်ငံတော်သည် စီးပွားရေးအခြေခံလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ အားပေးမြှင့်တင်ဆောင်ရွက်ရာတွင် လိုအပ်သော အရင်းအနှီးငွေကြေးများရရှိစေနိုင်ရေးကိုလည်း စည်းမျဉ်းဥပဒေများနှင့်အညီ ဖော်ဆောင်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အထက်ပါလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး ငွေကြေးအရင်းအနှီးလိုအပ်နေသူလုပ်ငန်းရှင်များသို့ နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်အနေ ဖြင့် အထူးအစီအစဉ်ဖြင့် ဘဏ်ချေးငွေများ ထုတ်ချေးမည်ဖြစ်ပါသည်။ ဘဏ်ချေးငွေများထုတ်ချေးမည့် အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ကဏ္ဍ | အကျုံးဝင်သော လုပ်ငန်းများ | ထုတ်ချေးမည့်ကဏ္ဍ | တစ်နှစ်အတိုးနှုန်း | ချေးငွေ သက်တမ်း |
---|---|---|---|---|
လယ်ယာကဏ္ဍ |
(၁) စိုက်ပျိုးရေးလုပ်ငန်းများ (၂) မွေးမြူရေးလုပ်ငန်းများ (၃) စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ |
MADB မှတစ်ဆင့် ထုတ်ချေးမည်ဖြစ်ပါသည်။ | MEB မှ MADB သို့ ၈.၅% ဖြင့်ထုတ်ချေးပြီး MADB မှ လုပ်ငန်းရှင်သို့ ၉%ဖြင့် ထုတ်ချေးပါမည်။ | (၃)နှစ်မှ (၅)နှစ် |
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကဏ္ဍ |
(၁) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၂) ကုန်ထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းများ (၃) ပြည်ပပို့ကုန်လုပ်ငန်းများ (၄) သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၅) Recycling နှင့် Energy Saving လုပ်ငန်းများ (၆) နည်းပညာအခြေခံထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများ |
MEB မှ တိုက်ရိုက်ထုတ်ချေးပါမည်။ | ၉% | (၃) နှစ်မှ (၅)နှစ် |
ဆောက်လုပ်ရေးကဏ္ဍ | (၁) ဆောက်လုပ်ရေးလုပ်ငန်းများ (၂) ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ | CHDB မှတစ်ဆင့်ထုတ်ချေးပါမည်။ | MEB မှ CHDB သို့ ၉% ဖြင့်ထုတ်ချေးပြီး CHDB မှ လုပ်ငန်းရှင်များသို့ ၁၁% ဖြင့်ထုတ်ချေးပါမည်။ | (၃)နှစ်မှ(၅)နှစ် |
MADB - မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ MEB - မြန်မာ့စီးပွားရေးဘဏ် CHDB - ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် ကဏ္ဍအလိုက်ချေးငွေရယူလိုသူများသည် ချေးငွေရယူလိုသူလုပ်ငန်းရှင်များအတွက် ဘဏ်မှ သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်သူများဖြစ်ရပါမည်။ ချေးငွေအတွက် အာမခံပစ္စည်းအဖြစ်မရွေ့မပြောင်းနိုင်သောပစ္စည်း၊ ရွေ့ပြောင်းနိုင်သောပစ္စည်းများကိုပေးအပ်နိုင်ပါသည်။ အာမခံပစ္စည်းမပေးအပ်နိုင် သူများ၊ အာမခံပစ္စည်းပေးအပ်နိုင်သော်လည်း ချေးငွေအတွက် လုံလောက်မှု မရှိသူများအတွက် ချေးငွေအာမခံအဖွဲ့အစည်းနှင့်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါသည်။ ချေးငွေလျှောက်ထားရယူလိုသူလုပ်ငန်းရှင်များသည် နီးစပ်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများ၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။