ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာကို အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရန်၊ အင်္ဂလိပ်ဝေါဟာရများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ အင်္ဂလိပ်စာကို လေ့လာရာတွင် စဉ်ဆက်မပြတ်လေ့လာမှုများ ပြုလုပ်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ 

 ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီဆွေက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ အခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။