ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကိုဂရုစိုက်ကြရန်၊ ရုံးတွင်းသန့်ရှင်းရေး၊ ဝန်ထမ်းအိမ်ရာဝန်းကျင်သန့်ရှင်းရေးများကို ဂရုပြုဆောင်ရွက်ကြရန်နှင့် ယာဉ်မောင်းများအနေဖြင့် မိုးရာသီဖြစ်သည့်အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးကို အလေးပေးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားကာ အစည်းအဝေးကို မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။