ရန်ကုန်စတော့အိပ်ချိန်းနှင့် Kelvin Chai Yangon Ltd (KCY)တို့ပူးပေါင်းကျင်းပသည့် Jointly Seminar on Anti-Money Laundering Regulations for Myanmar Business ကို ၁၁-၆-၂၀၂၄ ရက် မွန်းလွဲ ၁၅:၃၀ အချိန်တွင် Park Royal Yangon Hotel တွင်ကျင်းပရာ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်စတော့အိပ်ချိန်းအမှုဆောင်အကြီးတန်းမန်နေဂျာဦးမင်းသူက YSX and Compliance – Fostering a Strong Compliance for Listed ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Kelvin Chai Yangon Ltd (KCY)မှ Regional Officer (KCP) Mr. Pedro Jose F. BERNARDO က Myanmar’s AML Regime and Crafting an Effective AML Compliance Framework ခေါင်းစဥ်ဖြင့် လည်းကောင်းတင်ပြဆွေးနွေးကြပါသည်။