အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေးဟောပြောပွဲများပြုလုပ်

မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့မှ အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာဟောပြောပွဲကို (၃-၂-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မုံရွာမြို့၊ နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ကျင်းပရာ ပါမောက္ခချုပ်နှင့် တက္ကသိုလ် ဆရာ/ဆရာမများ စုစုပေါင်း တက်ရောက်သူဦးရေ (၇၀)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံမန်နေဂျာမှ ဝန်ထမ်းများ အားလုံးနှင့် သက်ဆိုင်သော အသက်အာမခံလုပ်ငန်း၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်အဆောက်အအုံများနှင့် သက်ဆိုင်သော မီးအာမခံလုပ်ငန်း၊ ဆိုင်ကယ်၊ ကားနှင့်ယာဉ်မောင်းလိုင်စင်ပရီမီယံကြေး ပေးသွင်းရခြင်းနှင့်သက်ဆိုင်သော သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း၊ အများပြည်သူခရီးသွား များနှင့်သက်ဆိုင်သောရေ/လေခရီးသွားအာမခံလုပ်ငန်း၊ သူတစ်ပါးပစ္စည်းခိုးယူမှု၊ ယာဉ်တိုက်မှု နှင့်ထိခိုက်မှု၊ ဒဏ်ရာရရှိမှုများကြောင့် ၎င်းတို့ပိုင်ဆိုင်သည့် ယာဉ်၏ပျက်စီးသည့်တန်ဖိုး အလျောက် ပြန်လည်ပေးလျော်ခြင်းနှင့်သက်ဆိုင်သော အလုံးစုံထိခိုက်မှုအာမခံလုပ်ငန်းများ စသည့် သိကောင်းစရာများအကြောင်းနှင့် အာမခံဆိုင်ရာများဖြစ်သော ဝန်ထမ်းပေါင်းစုံ နှင့်ပတ်သက်သည့် အသက်အာမခံကာလတိုအကြောင်း သိကောင်းစရာများကို တာဝန်ခံမှ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။