မြန်မာ့အာမခံလုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီးရုံးတာဝန်ခံမှ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို (၁၀-၉-၂၀၁၉) ရက်နေ့ နေ့လည် (၁:၀၀) နာရီ အချိန်တွင် ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ရွှေမင်္ဂလာဓမ္မာရုံတွင် ပြုလုပ်ရာ ရပ်ကွက်(၅) ခု မှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်နေသော အာမခံလုပ်ငန်း များအကြောင်း အကျဉ်းမျှဟောပြောပြီး သူတစ်ပါးထိခိုက်မှုအာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ ကျန်းမာရေးအာမခံအမျိုးအစား (၃) မျိုး၊ တောင်သူလယ်သမားအသက်အာမခံနှင့် မြွေအန္တရာယ်အာမခံလုပ်ငန်းများအကြောင်း ဟောပြောခဲ့ပြီး မေးမြန်းခြင်းများအား ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပါသည်။