ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို   ၁၃-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ ပင်စင်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ စုံညီစွာတက်ရောက်ကြသည်။ အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့အတွင်းရေးမှူး၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူး ဦးမိုးကြည်က ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့ ယခင်(၁/၂၀၂၄)နှင့်(၂/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ ဆက်လက်ဆွေးနွေးမည့် နည်းဥပဒေတစ်ခုချင်းအလိုက် ဆက်စပ်စဉ်းစားရမည့် အချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သင့်သည့် သဘောထားမှတ်ချက်များအား ဌာနခွဲအလိုက် သက်ဆိုင်ရာဌာနခွဲတာဝန်ခံ များက ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှလည်း တင်ပြချက်များ အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အဖွဲ့ဝင်များ၏ အကြံပြုဆွေး နွေးချက်များအပေါ် အဖွဲ့ဥက္ကဋ္ဌ ပင်စင်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နံနက်(၁၁:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

, , , ,